အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းများတွင် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများကို ကြက်ခြေနီမှ ပူးပေါင်း ဆောင်ရွက်

  02/ Apr/ 2020

လွိုင်ကော်၊ ဧပြီ ၁၂

ကယားပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမျိုးတင့်ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းများတွင် ပိုးသတ်ဆေးဖျန်းခြင်းတို့ကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အတူ ၂၀၂၀ပြည့်နှစ် ဧပြီလ ၁၀ရက်နေ့က ဆောင်ရွက်ခဲ့ကြပါသည်။