အိမ်မဲတွင် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး၌ ပါဝင်ကူညီသော ကြက်ခြေနီများအား ဂုဏ်ပြု

  30/ Dec/ 2020

အိမ်မဲ၊ ဒီဇင်ဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ပြန်လည်တုံ့ပြန်ရေးလုပ်ငန်းများတွင်စွမ်းစွမ်းတမံ ပါဝင်ကူညီဆောင်ရွက်ပေးသော ကြက်ခြေနီ‌ေစတနာလုပ်အားရှင်များအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ဒီဇင်ဘာလ ၂၇ ရက်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရွှေပြည်တန်ခန်းမ၌ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

အခမ်းအနားမှာ မြို့နယ်COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ပြန်လည်တုံ့ပြန်ရေးကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးလှမင်းသူ၊ တိုင်း‌ဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဦးမန်းကြည်ရွှင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာမျိုးကျော်အောင် တို့က ဂုဏ်ပြုစကားများ ပြောကြားခဲ့ကြပါတယ်။

ထို့နောက် မြောင်းမြခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူးဦးတင်ဦးက ရောဂါကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများတွင် ကြက်ခြေနီစေတနာလုပ်အားရှင်များ ပါဝင်ကူညီဆောင်ရွက်ခဲ့သည်များရှင်းလင်းပြောကြားခဲ့ပြီး တာဝန်ရှိသူများက ကြက်ခြေနီစေတနာလုပ်အားရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများနဲ့ ဂုဏ်ပြုပစ္စည်းများ ပေးအပ်ခဲ့ကြပါတယ်။