ဧရာဝတီတိုင်းတွင် ကြက်ခြေနီမှ COVID-19 ကိုရိုနာဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါကာကွယ်ရေး ဆက်လက်ဆောင်ရွက်

  20/ Mar/ 2020

ဧရာဝတီတိုင်း၊ မတ်လ ၂၀

ဟင်္သာတမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် လူမှုကူညီရေးအသင်းအဖွဲ့များနှင့်ပူးပေါင်းကာ ဈေးများ၊ ကားဂိတ်များ၊ ဘူတာ၊ တက္ကသိုလ်နှင့် လူစည်ကားရာနေရာများတွင် COVID-19 ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေး လက်ကမ်းစာစောင်များ ပိုစတာများ စတစ်ကာများ ဖြန့်ဝေခြင်း၊ လက်ကိုစနစ်တကျ မကြာခဏဆေးကြောသန့်စင်ရန်တိုက်တွန်းနှိုးဆော်ခြင်း၊ လက်သန့်စင်ဆေးရည်အသုံးပြုစေခြင်း၊ အသိပညာပေးဟောပြောခြင်းများကို ၂၀၂၀ပြည့်နှစ် မတ်လ ၂၀ရက်နေ့က ဆောင်ရွက်ခဲ့ကြပါသည်။

အလားတူ ဧရာဝတီတိုင်းအတွင်းရှိ ဘိုကလေး၊ အင်္ဂပူ၊ ရေကြည်၊ ဝါးခယ်မ၊ ပုသိမ်၊ လပွတ္တာ အစရှိသည့် မြို့နယ်များတွင်လည်း သက်ဆိုင်ရာ မြို့နယ်ကြက်ခြေနီအသင်းခွဲများမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် COVID-19အသိပညာပေးဟောပြောခြင်းများ၊ ရောဂါကာကွယ်ရေးဆောင်ရွက်ခြင်းများကို ဌာနဆိုင်ရာများ၊ ကျန်းမာရေးဌာနများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ပူးပေါင်းကာ ဈေးများ၊ ကျောင်းများ၊ ကားဂိတ်များနှင့် လူစည်ကားရာနေရာများတွင် ၂၀၂၀ပြည့်နှစ် မတ်လဆန်းမှစတင်ကာ ပါဝင်ဆောင်ရွက်လျှက်ရှိပါသည်။