ဧရာဝတီတိုင်းဒေသကြီး မြို့နယ်များတွင် COVID-19 ကာကွယ်ရေး ကြက်ခြေနီက ဆက်လက်ဆောင်ရွက်၊ အလှူရှင်များက စားသောက်ဖွယ်ရာများ လှူဒါန်း

  09/ Oct/ 2020

ဟင်္သာတ၊ ကျိုက်လတ်၊ ဘိုကလေး ၊ အောက်တိုဘာ ၉
၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလ ၉ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့အဝင် ဂိတ်အမှတ် (၂) လယ်တော်အဝေးပြေးဝန်းရှေ့ ရန်ကုန်လမ်းကြောင်းဂိတ်၊ ဂိတ်အမှတ်(၃)အေးမြသာယာအဝေးပြေး
ယာဉ်ရပ်နား စခန်း တို့၌ COVID-19ရောဂါကာကွယ်ရေးအတွက် ကိုယ်အပူချိန်တိုင်းတာခြင်း၊ ခရီးသွားရာဇဝင် ရေးမှတ်ခြင်း တို့ကို ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် ထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ မ.စ.က အဖွဲ့ဝင်များနှင့်အတူ ဟင်္သာတမြို့
နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင် ၁၃ ဦး တို့က ပူးပေါင်းကူညီဆောင်ရွက်ခဲ့ပါသည်။
ကျိုက်လတ်မြို့နယ် မြို့နယ်ကြက်ခြေနီအသင်းခွဲ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ဒုတိယမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးခင်စိုး ဦးဆောင်သော ကြက်ခြေနီ
စေတနာလုပ်အားရှင် ၇ ဦးတို့သည် အမှတ်( ၂ / ၃ / ၄)ရပ်ကွက်များတွင်လှုံ့ဆော်ခြင်း၊ လက်သန့်ဆေးရည်ဖြင့်လက်ဆေးစေခြင်းနှင့် နှာခေါင်းစည်းများ ပေးဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။
ဘိုကလေးမြို့နယ် အထက (၃) အသွားအလာကန့်သတ် စောင့်ကြည့်စခန်း တွင် တာဝန်ထမ်းဆောင်နေကြသော ကြက်ခြေနီစေတနာလုပ်အားရှင်များအတွက် ထမင်းကြော်၊ ဆီ၂ပုံး၊ ကြက်သွန်နီ၊ အာလူး စသည်တို့ကို အလှူရှင် ဒေါ်နီနီလှိုင်၊ ဒေါ်မိုးစန္ဒာဝင်း တို့က လှူဒါန်းခဲ့ကြသည်။