🌺🌺 သင်သိပါသလား🌺🌺

  21/ Sep/ 2020

ကိုဗစ်၁၉ ကပ်ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်းမှာ ကျွန်ုပ်တို့ရဲ့ကြက်ခြေနီစေတနာလုပ်အားရှင်တွေက အသက်အရွယ်ကြီးရင့်သူတွေ၊ ကလေးငယ်လေးတွေနဲ့ မိဘပြည်သူတွေကို ရောဂါကူးစက်မှုမှကာကွယ်ပေးဖို့အတွက် အစွမ်းကုန် ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။
၂၀၂၀ပြည့်နှစ် စက်တင်ဘာလ ၂၁ရက်နေ့က ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့ နှင့်မိုးညိုမြို့များမှ ကြက်ခြေနီစေတနာလုပ်အားရှင်တွေက မြန်မာ့စီးပွားရေးဘဏ်ခွဲများမှာ ပင်စင်လစာငွေလာရောက်ထုတ်ယူကြသော နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များကို ရောဂါကူးစက်မှုမဖြစ်ပွားစေရန်အတွက်
📣📣 တစ်ဦးနှင့်တစ်ဦး အကွာအဝေးသတ်မှတ်၍ နေရာထိုင်ခင်းစီစဉ်ပေးခြင်း
📣📣 နှာခေါင်းစည်းများအခမဲ့ပေးဝေခြင်း
📣📣 လက်သန့်စင်ဆေးရည်များအသုံးပြုစေခြင်း
📣📣 သက်ကြီးရွယ်အိုများကို ကူညီဖေးမပေးခြင်း တို့ကိုလည်း ဆောင်ရွက်ပေးခဲ့ကြပါသည်။
🎀🎀 မွန်မြတ်သောစိတ်ထားနဲ့ လူမှုကရုဏာလုပ်ငန်းတွေကို ဆောင်ရွက်ပေးနေကြသော ကျွန်ုပ်တို့ရဲ့ ကြက်ခြေနီစေတနာလုပ်အားရှင်တွေကို လက်ခုပ်တီးပြီး အားပေးလိုက်ကြရအောင်နော် ။ 🎀🎀
👏👏👏👏👏👏👏👏👏👏👏👏
#လက်ခုပ်တီးလို့ဆက်လက်အားပေးကြပါစို့ #KeepClapping
#RedCrossVolunteer

Â