COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများ ကြက်ခြေနီ အဆက်မပြတ် ပူးပေါင်းဆောင်ရွက်

  21/ Sep/ 2020

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့က COVID-19 ရောဂါကာကွယ်ရေးအတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့စီးပွားရေးဇုံကားကွင်းသို့ ရောက်ရှိလာသော နေရပ်ပြန်ပြည်သူ ကျား ၃၀၊ မ ၃၀ ဦးတို့အား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ စာရင်းများသွင်းခြင်းနှင့် သက်ဆိုင်ရာဒေသများသို့ ပြန်လည်ထွက်ခွာလိုသူများအား စီးနင်းရမည့်ကားများ ညွှန်းပို့ပေးခြင်းတို့ကို ဒုတိယပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးအောင်ကျော်မျိုး ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၄ ဦးတို့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။