COVID-19 ရောဂါကာကွယ်ရေး လှုပ်ရှားမှုများတွင် အသုံးပြုရန်အတွက် နှာခေါင်းစည်းများလှူဒါန်း

  01/ Sep/ 2020

မန္တလေး၊ စက်တင်ဘာ ၁

COVID-19 ရောဂါကာကွယ်ရေး လှုပ်ရှားမှုများတွင် အသုံးပြုရန်အတွက် မြန်မာနိုင်ငံဆရာဝန်အသင်း(မန္တလေးတိုင်းဒေသကြီး)မှ မန္တလေးတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီ တိုင်းဒေသကြီးကြက်ခြေနီတပ်ဖွဲ့ အုပ်ချုပ်ရေးအဖွဲ့သို့ နှာခေါင်းစည်း(၁၀၀၀)ခု၊ PPE ဝတ်စုံ (၁၀)စုံ၊ လက်သန့်ဆေးရည် (၁၀)ဘူးနှင့် ဓာတ်ဆားထုတ် (၁၀၀) ထုတ်ပေးအပ်လှူဒါန်းခြင်းကို ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ ၁ ရက်နေ့ကမြန်မာနိုင်ငံဆရာဝန်အသင်း(မန္တလေးတိုင်းဒေသကြီး)၌ ပြုလုပ်ခဲ့ပါသည်။
လှူဒါန်းပွဲတွင် မြန်မာနိုင်ငံဆရာဝန်အသင်း(မန္တလေးတိုင်းဒေသကြီး)ဥက္ကဌ ပါမောက္ခ ဒေါက်တာခင်မောင်မြင့်မှ ပေးအပ်လှူဒါန်းခဲ့ရာ တိုင်းဒေသကြီး ကြက်ခြေနီတပ်ဖွဲ့မှူး(တာဝန်) ဦးကျော်ကျော်က လက်ခံရယူခဲ့ပြီး ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည် ပေးအပ်ခဲ့ပါသည်။