COVID-19 ရောဂါ ကာကွယ်ရေးလုပ်ငန်းများ ကြက်ခြေနီများ ဆောင်ရွက်ထား

  02/ Oct/ 2020

ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ် (၃) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် COVID-19 ရောဂါကာကွယ်ရေးအဖြစ် ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များအား အသိပညာပေးနှိုးဆော်ခြင်း၊ နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေခြင်း၊ ရေမလိုလက်သန့်ဆေးရည်များဖြန့်ဝေခြင်းနှင့် စနစ်တကျလက်ဆေးခြင်းအား သရုပ်ပြသခြင်းတို့ကို ဘားအံမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ဒုတိယမြို့နယ်တပ်ဖွဲမှူး ဒေါ်တင်မာနွယ် ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၁၂ ဦးတို့က ၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလ ၂ ရက်နေ့က ပြုလုပ်ခဲ့ကြသည်။