COVID-19 ရောဂါ ကာကွယ်ရေးလုပ်ငန်းများ ကြက်ခြေနီများ ပူးပေါင်းဆောင်ရွက်ထား

  09/ Oct/ 2020

🏵🏵🏵၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၉ ရက်နေ့က ရှမ်းပြည်နယ် (တောင်ပိုင်း)၊ နေရာအနှံ့တွင် COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများကို ကြက်ခြေနီစေတနာလုပ်အားရှင်များက အောက်ပါအတိုင်း စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသည်။
1️⃣တောင်ကြီးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ မြို့နယ်တပ်ဖွဲ့မှူး ဦးကျော်စိုး ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၁၀ ဦးတို့က တောင်ကြီးမြို့နယ်၊ ကျောက်တလုံးမြို့၊ နောင်ကားကျေးရွာဈေးတွင် လည်းကောင်း၊
2️⃣မိုင်းရှူးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ တပ်စုမှူး ဦးစိုင်းစိုးထွန်း ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၁၀ တို့က မိုင်းရှူးမြို့အဝင်တံတားထိပ်နှင့်
3️⃣ဟိုပုံးမြို့နယ်ကြက်ခြေနီအသင်းခွဲ ဒုတိယဥက္ကဌ ဦးကျော်စွာနိုင်အောင်ဟိန်း ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၅ ဦးက ဟိုပုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ စသော နေရာအသီးသီးတွင်

💁‍♀️🧏🤷‍♂️COVID-19 ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များအား အသိပညာပေးနှိုးဆော်ခြင်း၊ နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေခြင်းနှင့် စနစ်တကျတပ်ဆင်ရန် တိုက်တွန်းခြင်းတို့ကို
👮‍♀️👨‍⚕️👩‍🏭👨‍💼မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။