ကမ္ဘာ့ကြက်ခြေနီနေ့ အခမ်းအနား နေပြည်တော်၌ပြုလုပ်

  08/ May/ 2021

၂၀၂၁ခုနှစ်၊မေလ(၈)ရက်နေ့၊ နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ ကမ္ဘာ့ကြက်ခြေနီနေ့ အခမ်းအနားကို ကရုဏာခန်းမ၌ ပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံကြက်ခြေနီသူနာပြုတပ်ဖွဲ့၌ အသက်(၆၅)နှစ်အထိ စေတနာလုပ်အားရှင်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သော လယ်ဝေးမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်ခင်သိန်းမြင့်အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုချီးမြှင့်ခဲ့ပြီး ရှေးဦးပြုစုခြင်း(အခြေခံ)သင်
တန်း အများဆုံးဖွင့်လှစ်နိုင်ခဲ့သည့် ခရိုင်အားလည်းကောင်း၊ သွေးအများဆုံးလှူဒါန်းနိုင်ခဲ့သည့် ကြက်ခြေနီစေတနာလုပ်အားရှင်များအားလည်းကောင်း၊ အရေးပေါ်အခြေအနေတွင်ရှေးဦးပြုစုခြင်းဖြင့် အသက်ကယ်တင်နိုင်ခဲ့သည့် ကြက်ခြေနီစေတနာလုပ်အားရှင်များအား လည်းကောင်း ဂုဏ်ပြုဆုများ ချီးမြင့်ခဲ့ပါသည်။
ထို့နောက် COVID-19 ကာလတွင် ကြက်ခြေနီလူနာတင်ယာဥ်၀န်ဆောင်မှုအများဆုံးဆောင်ရွက်နိုင်ခဲ့သည့် ကြက်ခြေနီစေတနာလုပ်အားရှင်များအားလည်းကောင်း၊ ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် ဆောင်းပါးပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သည့် ကြက်ခြေနီစေတနာလုပ်အားရှင်အား လည်းကောင်း ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။