ကရင်ပြည်နယ်ကြက်ခြေနီစေတနာလုပ်အားရှင်များ ဆောင်ရွက်လျှက်ရှိသော လူမှုကရုဏာအကူညီများ

  03/ Jun/ 2022

ကရင်၊ ဇွန်လ ၃ ရက်။
၂၀၂၂ ခုနှစ်၊ ဇွန်လ (၂) ရက်နေ့က ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသော လူနာတစ်ဦးသည် အောက်ဆီဂျင်အရေးပေါ်လိုအပ်လျှက်ရှိရာ မြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက အောက်ဆီဂျင် (၄၀) လီတာ တစ်အိုးကို ကူညီရှာဖွေကာ သွားရောက်ထောက်ပံ့ပေးခဲ့ကြပါသည်။
ထို့အပြင် ကော့ကရိတ်မြို့နယ်အတွင်းရှိ ကလေးများအား COVID-19 ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ကူညီဆောင်ရွက်ပေးခဲ့ပါသည်။