ကရင်ပြည်နယ်တွင် ကြက်ခြေနီက သွေးလှူဒါန်း

  18/ Mar/ 2022

မတ်လ(၁၅)ရက်နေ့နှင့် (၁၆)ရက်နေ့များတွင် ကရင်ပြည်နယ် ဘားအံပြည်သူ့ဆေးရုံကြီးနှင့် ဗျာဒိတ်ပန်းအထူးကုဆေးရုံတို့တွင် ဆေးကုသမှုခံယူနေသော လူနာများမှ ‘AB’သွေး(၁)လုံး ‘B’သွေး(၃)လုံး နှင့် ‘O’သွေး (၂)လုံး အရေးပေါ်လိုအပ်သဖြင့် ကရင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ဦးခွန်ထွန်းထွန်းစိုး၊ ဘားအံမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ဦးစောအောင်ကိုမြတ်နှင့် ဒေါ်မိထွန်းလဝန်းနွယ် တို့မှ လှူဒါန်းပေးခဲ့ပြီး သွေးအလှူရှင်များဖြင့်ချိတ်ဆက်ကာ လူနာများအတွက် ကူညီဆောင်ရွက်ပေးခဲ့ကြပါသည်။