ကရင်ပြည်နယ် အတွင်းရှိ ကြက်ခြေနီစေတနာလုပ်အားရှင်များက လူမှုကရုဏာအကူအညီများ ဆောင်ရွက်လျက်ရှိ

  02/ Jun/ 2022

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် တွင် ၂၀၂၂ခုနှစ်၊ ဇွန်လ(၂)ရက်နေ့က ကျောင်းသားလူငယ်များအား COVID -19 ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများ၌ မြို့နယ်ကြက်ခြေနီစေတနာလုပ်အားရှင်များက ပါဝင်ကူညီဆောင်ရွက်ခဲ့ပါသည်။
မေလ (၃၁)ရက်နေ့၊ ဘားအံပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသည့် အရေးပေါ်လူနာအတွက် လိုအပ်လျက်ရှိ ‘O’သွေး(၂)လုံးအား ဘားအံမြို့နယ်ကြက်ခြေနီစေတနာလုပ်အားရှင်များက အရေးပေါ်သွေးသန့်ရရှိရန်အတွက် သွေးသန့်သွေးလှူရှင်(၂)ဦးကို ရှာဖွေကူညီချိတ်ဆက် ဆောင်ရွက်ပေးခဲ့ပါသည်။
၂၀၂၂ခုနှစ်၊ မေလ(၃၀)ရက်နေ့က ဘားအံမြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် မုက္ကဒိကျေးရွာ အထက်ပိုင်းမှ အမျိုးသမီးလူနာတစ်ဦး အတွက် လိုအပ်လျက်ရှိသော အောက်စီဂျင် ၄၀လီတာ (၃)အိုး နှင့် အိန္ဒုကျေးရွာအုပ်စု၊ ကတွန်းတာကျေးရွာမှ လိုအပ်လျက်ရှိသော အမျိုးသမီးလူနာတစ်ဦး အတွက် အောက်စီဂျင် ၄၀လီတာ (၆)အိုး တို့ကို သွားရောက်ကူညီပို့ဆောင်ပေးခဲ့ပါသည်။