ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအား အရေးပေါ်မီးဖွားရန်အတွက် ကြက်ခြေနီက ဆေးရုံသို့ ကူညီပို့ဆောင်

  23/ Apr/ 2021

၂၀၂၁ခုနှစ်၊ ဧပြီလ၂၃ရက်၊ နံနက်၂နာရီခန့်က တနင်္သာရီဒေသကြီး၊ ထားဝယ်မြို့နယ်၊ကြက်စားပြင်ရပ်ကွက်မှ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး အရေးပေါ်မီးဖွားရန်လိုအပ်သဖြင့် ထားဝယ်မြို့နယ်ကြက်ခြေနီစေတနာလုပ်အားရှင်များက ထားဝယ်ပြည်သူ့ဆေးရုံကြီးသို့ ညွှန်းပို့ပေးခဲ့ကြသည်။