ကျောက်တော်တွင် ဆိုင်ကယ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရသူများကို ကြက်ခြေနီက ရှေးဦးပြုစုပေး

  04/ Jun/ 2022

ကျောက်တော်၊ ၂၀၂၂ခုနှစ်၊ ဇွန်လ(၄)ရက်။
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သရက်တပင်အုပ်စု၊ သာယာကုန်းကျေးရွာလမ်းဆုံတွင်ဇွန်လ(၄)ရက်နေ့က ဆိုင်ကယ်မတော်တဆမှုကြောင့် ခြေထောက်ထိခိုက်ဒဏ်ရာရသူ အမျိုးသား (၁)ဦးနှင့် ပွန်းပဲ့ဒဏ်ရာရသူ အမျိုးသား(၁)ဦးတို့ကို ကျောက်တော်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင် (၂)ဦးတို့က ရှေးဦးပြုစုပေးပြီး စိတ်ပိုင်းဆိုင်ရာအားပေးကူညီမှုများ ဆောင်ရွက်ပေးခဲ့ပါသည်။