ကြက်ခြေနီက အရေးပေါ်လူနာအတွက် သွေးလှူဒါန်း

  03/ May/ 2021

၂၀၂၁ခုနှစ်၊ မေလ(၃)ရက်နေ့ ညပိုင်းကရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ်််ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင် ကိုစည်သူနှင့် ကိုလွင်မောင် တို့သည် အာရှတော်ဝင်ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိသော ဆီးကျိတ်ခွဲစိတ်လူနာတစ်ဦးနှင့် ကျောက်ကပ်ခွဲစိတ်လူနာတစ်ဦး တို့အတွက် အရေးပေါ်လိုအပ်လျှက်ရှိသော (AB)သွေး နှင့် (O) အမျိုးအစား သွေးတို့ကို လှူဒါန်းခဲ့ကြပါတယ်။