ကြက်ခြေနီစေတနာလုပ်အားရှင်များက ပင်စင် လာထုတ်သူ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား) အဖိုး၊ အဖွားများကို ကျန်းမာရေးစောင့်ရှောက်

  21/ Apr/ 2021

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်(၇)ဦးတို့သည် အင်းစိန်မြို့နယ်မြန်မာ့စီးပွားရေးဘဏ်ခွဲတွင်ပင်စင်လစာ လာရောက်ထုတ်ယူကြသောနိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)အဖိုး၊အဖွားနှင့် ပြည်သူများကို ကျန်းမာ
ရေးစောင့်ရှောက်ပေးခြင်း၊ နှာခေါင်းစည်းများပေးဝေခြင်းတို့ကို ၂၀၂၁ခုနှစ်၊ ဧပြီလ(၂၁)ရက်နေ့မှ ဧပြီလ(၂၉)ရက်နေ့အထိ နေ့စဉ်ကူညီဆောင်ရွက်ပေးလျက်ရှိသည်။