ကြက်ခြေနီစေတနာလုပ်အားရှင်များ၏ လူမှုကရုဏာလုပ်ငန်းဆောင်ရွက်မှုများ

  18/ Feb/ 2022

COVID-19ရောဂါ ကူးစက်မှု ပြန်လည်မြင့်တက်လာသည့် ယခုသီတင်းပတ်များအတွင်း ကြက်ခြေနီစေတနာလုပ်အားရှင်တွေဟာလည်း လူမှုကရုဏာလုပ်ငန်းဆောင်ရွက်မှုတွေကို ပိုမို အရှိန်အဟုန်မြင့်ဆောင်ရွက်လာကြရပါတယ်။
နေရာဒေသအသီးသီးမှာ ရပ်ရွာလူထုရဲ့လူမှုကရုဏာအကူအညီလိုအပ်မှုပုံစံတွေ ကွဲပြားကြတာကြောင့် ကြက်ခြေနီတွေအနေနဲ့ ကျရာနေရာကနေ လိုအပ်တာတွေကို တတ်စွမ်းသရွေ့ဖြည့်ဆည်းဆောင်ရွက်ပေးနေကြတာပဲဖြစ်ပါတယ်။
ကျွန်ုပ်တို့ကြက်ခြေနီစေတနာလုပ်အားရှင်တွေရဲ့ နိုင်ငံတဝန်းမှာ လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းတွေ ဆောင်ရွက်ပေးနေကြပုံကို အောက်ပါဓါတ်ပုံများမှတစ်ဆင့် ဖော်ပြပေးလိုက်ရပါတယ်။