ကြက်ခြေနီသို့ အသက်ရှုအထောက်အကူပြု အောက်စီဂျင်အိုးလှူဒါန်း

  08/ May/ 2021

ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ အခမဲ့အောက်ဆီဂျင်အိုး ငှားရမ်းရာတွင် အသုံးပြုနိုင်ရန်အတွက် အောက်စီဂျင်တစ်အိုးနှင့် Flowmeter တစ်စုံကို ဈေးကြီးလမ်း အောင်သစ္စာ ကုန်မာနှင့်လျှပ်စစ်ပစ္စည်းအရောင်းဆိုင် မိသားစုက ၂၀၂၁ခုနှစ်၊ မေလ(၈)ရက်နေ့မှာ လှူဒါန်းခဲ့တယ်လို့သိရပါတယ်။