ကြက်ခြေနီအရေးပေါ်လူနာတင်ယာဉ် (၂၄နာရီ)ဝန်ဆောင်မှုဖြင့် အရေးပေါ်လူနာများအားကူညီပို့ဆောင်ပေးလျက်ရှိ

  02/ May/ 2022

ထားဝယ်၊ မေလ(၂)ရက်။
     မေလ(၁)ရက်နေ့၊ နံနက်(၇:၁၀)နာရီအချိန်ခန့်တွင် လောင်းလုံးမြို့နယ်၊ ပန်းဒက်အင်းကျေးရွာမှ ဦးခေါင်းဒဏ်ရာရရှိသော အမျိုးသမီးတစ်ဦးအား ထားဝယ်မြို့ပြည်သူ့ဆေးရုံကြီး ပြင်ပလူနာဆောင်မှ ဖျားနာဆောင်သို့ ပို့ဆောင်ပေးခြင်း၊
နံနက်(၇:၅၀)နာရီအချိန်ခန့်က ထားဝယ်မြို့ ကျောက်မော်ရပ်၊ စာတိုက်လမ်းဆုံတွင် ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိသော အမျိုးသားတစ်ဦးအား ရှေးဦးပြုစုပေးခဲ့ပြီး နေအိမ်သို့ ပြန်လည်ပို့ဆောင်ပေးခြင်း၊
မွန်းလွဲ(၂း၀၀)နာရီခန့်တွင် ထားဝယ်မြို့ကြက်စားပြင်ရပ်မှ ဆေးရုံဆင်းလူနာ အမျိုးသားတစ်ဦးအား ထားဝယ်ဆေးရုံကြီး မှ နေအိမ်သို့ ပို့ဆောင်ပေးခြင်း၊
ည(၇:၃၀)နာရီအချိန့်ခန့်တွင် ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ မှ COVID-19 Positive တွေ့ရှိသော (၈)နှစ်အရွယ် ကလေးတစ်ဦးအား ထားဝယ်မြို့ပြည်သူ့ဆေးရုံကြီး ပြင်ပလူနာဆောင် မှ COVID ကုသဆောင် သို့ ပို့ဆောင်ပေးခြင်းများကို ထားဝယ်မြို့နယ်ကြက်ခြေနီစေတနာလုပ်အားရှင်များက ကူညီဆောင်ရွက်ပေးခဲ့ပါသည်။