ငပုတောမြို့နယ်အလှူရှင်မိသားစုမှ မြို့နယ်ကြက်ခြေနီအသင်းခွဲသို့ လူနာတင်ယာဉ်တစ်စီး လှူဒါန်း

  12/ May/ 2022

ငပုတော၊ မတ်လ (၁၂)ရက်။
၂၀၂၂ခုနှစ်၊ မတ်လ (၇)ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်မှ အလှူရှင် ဦးမန်းအင်စွမ်းနှင့် ဒေါ်နန်းပု မိသားစု(ဂျမ်းကပ်ကျေးရွာ)မှ ငပုတောမြို့နယ်ကြက်ခြေနီအသင်းခွဲသို့ လူနာတင်ယာဉ်တစ်စီး လှူဒါန်းပေးအပ်ခဲ့ပါသည်။
ကြက်ခြေနီမှဆောင်ရွက်လျက်ရှိ‌သော လူမှုကရုဏာလုပ်ငန်းများကို ပိုမို ထိရောက်စွာဆောင်ရွက်နိုင်စေရန်အတွက် ယခုကဲ့သို့ လူနာတင်ယာဉ်အား လှူဒါန်းပေးခဲ့ခြင်းဖြစ်ပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲအမှုဆောင်များမှ လက်ခံရယူခဲ့ပါသည်။
ယခုကဲ့သို့ ကြက်ခြေနီလှုပ်ရှားမှုများကို ယုံကြည်စွာဖြင့် လူနာတင်ယာဉ်လှူဒါန်းပေးခဲ့သော အလှူရှင်များအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကျေးဇူးတင်ဂုဏ်ပြုအပ်ပါသည်။