ငလျင်ဘေးအန္တရာယ်အတွက် ကြိုတင်ဇာတ်တိုက်လေ့ကျင့်ခြင်အား ကြက်ခြေနီများဆောင်ရွက်

  26/ Feb/ 2022

ကြက်ခြေနီစေတနာလုပ်အားရှင်တွေဟာ အရေးပေါ်အခြေအနေတွေနဲ့ သဘာဝဘေးအန္တရာယ်ကျရောက်လာတဲ့အခါ ရပ်ရွာလူထုအတွက် လိုအပ်မယ့် အကူအညီတွေပေးနိုင်ဖို့အတွက် ကြိုတင်ဇာတ်တိုက်လေ့ကျင့်တာတွေကို မကြာခဏဆိုသလို ပြုလုပ်ကြရပါတယ်။ သို့မှသာ ဘေးအန္တရာယ်ဆိုင်ရာအခြေအနေတွေမှာ ထိခိုက်မှုအနည်းဆုံးနဲ့ အထိရောက်ဆုံး စီစဉ်မှုတွေနဲ့ အကူအညီပေးနိုင်မှာဖြစ်ပါတယ်။
ဇန်နဝါရီလ ၂၂ရက်နေ့နဲ့ ၂၃ရက်နေ့တွေမှာ မကွေးတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီက တာဝန်ရှိသူတွေနဲ့ ကြက်ခြေနီစေတနာလုပ်အားရှင်တွေဟာ ငလျင်ဘေးအန္တရာယ်အတွက် ကြိုတင်ဇာတ်တိုက်လေ့ကျင့်ခြင်းကို (၂)ရက်တာလေ့ကျင့်ဆောင်ရွက်ခဲ့ကြပါတယ်၊ အဆိုပါဆောင်ရွက်မှုမှာ ကြက်ခြေနီစေတနာလုပ်အားရှင်တွေနဲ့အတူ ပူးပေါင်းလေ့ကျင့်ကြသူများပါဝင်ခဲ့ကြပြီး စုစုပေါင်း (၈)ဦးပါဝင်လေ့ကျင့်ခဲ့ကြပါတယ်။