စစ်တွေဆေးရုံတွင် COVID-19 ရောဂါကုသမှုခံယူနေသူများအား မြန်မာနိုင်ငံကြက်ခြေနီအသင်းကထောက်ပံ့

  07/ Sep/ 2020

စစ်တွေ၊ စက်တင်ဘာ ၇

၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ ၇ရက်နေ့က မြန်မာနိုင်ငံကြက်ခြေနီအသင်းက ရခိုင်ပြည်နယ်၊စစ်တွေမြို့ရှိ ခုတင်၅၀၀ဆံ့ပြည်သူဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသည့် COVID-19 ရောဂါပိုးတွေ့ရှိသူများအတွက် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း-၁၀၅ခု(တစ်ပတ်စာ)၊ စောင်-၁၀၅ထည်နှင့် ခြင်ထောင်-၁၀၅လုံးတို့ကို ရခိုင်ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဦးမြင့်ထွေးနှင့် ရခိုင်ပြည်နယ်စီမံချက်လုပ်ငန်းများစီမံခန့်ခွဲမှုယူနစ်မန်နေဂျာဦးစည်သူတိုးညွှန့်တို့က လွှဲပြောင်းပေးအပ်ရာ စစ်တွေဆေးရုံအုပ်ကြီးဒေါက်တာကြည်လွင်က လက်ခံရယူခဲ့ပါသည်။