စစ်တွေ၌ ဘိုးဘွားများအား နံနက်စာနှင့် အလှူငွေများ ကြက်ခြေနီက လှူဒါန်း

  08/ May/ 2021

၂၀၂၁ခုနစ်၊ မေလ (၈)ရက်နေ့ နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ အစီအစဉ်ဖြင့် ပြည်နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ ​စစ်တွေမြို့နယ်ကြက်ခြေနီအသင်းခွဲ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့မှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ဘိုးဘွားရိပ်သာ၌ ဘိုးဘွား(၄၃)ဦးတို့အား ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အဖြစ် နံနက်စာလှူဒါန်းခြင်းနှင့် အလှူငွေ လှူဒါန်းခြင်းတို့ကို ပြုလုပ်ခဲ့ပါတယ်။