စဥ့်ကူးတွင် နေရပ်စွန့်ခွာ အိမ်ထောင်စုများအား ကြက်ခြေနီက ကူညီထောက်ပံ့

  04/ May/ 2022

မန္တလေး၊ ၂၀၂၂ခုနှစ်၊ မေလ (၃)ရက်။
မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်ခရိုင် ၊ စဥ့်ကူးမြို့နယ်သို့ ရောက်ရှိလာသော နေရပ်စွန့်ခွာ အိမ်ထောင်စု (၄၈)စု တို့အတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့သော အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၄၈)စုံ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း(၄၈)စုံ၊ စောင်(၄၈)ထည်၊ ခြင်ထောင်(၄၈)လုံး၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း(တစ်ပတ်စာ) (၄၈)စုံ၊ ပါးစပ်နှာခေါင်းစည်းနှင့် လက်သန့်ဆေးရည်များကို မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ ဥက္ကဌ ဒေါက်တာသိန်းထွန်းဆောင်၊ အတွင်းရေးမှူး ဦးကျော်ကျော်နှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက မေလ(၃)ရက်နေ့တွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။