စာနာခြင်းနဲ့ မွန်မြတ်တဲ့စေတနာအလှူ

  15/ May/ 2021

ရောဂါကြောင့် ဆေးရုံတက်နေရတဲ့ လူနာမှာ အရေးပေါ်လိုအပ်နေတာရှိပါတယ်။
အဲ့ဒါကတော တန်ဖိုးဖြတ်လို့မရတဲ့ သွေး ပါဘဲ။
ဒီလိုလိုအပ်နေတဲ့ သွေးကို လှူမယ့်သူရှိလာပါတယ်။

သူကတော့ ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ကြက်ခြေနီအသင်းခွဲ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့က ကြက်ခြေနီစေတနာလုပ်အားရှင် လူငယ်တစ်ဦးဖြစ်တဲ့ ကိုနေသူဟိန်းဖြစ်ပါတယ်။

ဦးနှောက်အကြိတ်ခွဲစိတ်လူနာတစ်ဦးအတွက် အရေးပေါ် (O) သွေးတစ်လုံးကို အာရှတော်ဝင်ဆေးရုံမှာ မနေ့က(မေလ ၁၄ရက်)မှာသွားရောက်လှူဒါန်းပေးခဲ့တယ်လို့ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ကြက်ခြေနီအသင်းခွဲကနေ သိခွင့်ရခဲ့ပါတယ်။

မြို့နယ်တွေမှာလည်း ယခုလို ကြက်ခြေနီသွေးလှူရှင်များကို ဝမ်းမြောက်စွာ မကြာခဏ တွေ့မြင်ရပါတယ်။

ကျေးဇူးပါ သွေးဒါနရှင် ကြက်ခြေနီများ….
ယခုလို လိုအပ်သူများကိုလည်း ဆက်လက်လှူဒါန်းနိုင်ပါစေ……