စေတနာလုပ်အားရှင်များအတွက် စွမ်းရည်မြှင့်တင်ခြင်းသင်တန်းဖွင့်ပွဲပြုလုပ်

  18/ Mar/ 2022

ရန်ကုန်၊ ၂၀၂၂ခုနှစ်၊ မတ်လ(၁၈)ရက်။
မြန်မာနိုင်ငံကြက်ခြေနီအသင်း မိသားစုပြန်လည်ဆက်သွယ်ပေးရေး‌ဌာနမှ ဖွင့်လှစ်သော စေတနာလုပ်အားရှင်များအတွက် စွမ်းရည်မြှင့်တင်ခြင်းသင်တန်းဖွင့်ပွဲကို ၂၀၂၂ခုနှစ်၊ မတ်လ(၁၈)ရက်နေ့ နံနက်ပိုင်းက online ဖြင့် ပြုလုပ်ခဲ့ပါသည်။
သင်တန်းဖွင့်ပွဲတွင် အသင်းအချိန်ပြည့် အလုပ်အမှုဆောင် ပါမောက္ခဒေါက်တာဒေါ်မြသူက အမှာစကား
ပြောကြားခဲ့ပြီး ဒုတိယအထွေထွေအတွင်းရေးမှူး ဒေါက်တာဒေါ်ညိုညိုဝင့်နှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိုးသီတာဝင်းတို့က နှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ပါသည်။
သင်တန်းဖွင့်ပွဲသို့ အချိန်ပြည့်အလုပ်အမှုဆောင်ဒေါက်တာတင်ညွန့်၊ မိသားစုပြန်လည်ဆက်သွယ်ပေးရေး‌
ဌာနမှ တာဝန်ရှိသူများနှင့် သင်တန်းသား/သူများ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါသင်တန်းသို့ တိုင်းဒေသကြီး/ပြည်နယ်များမှ ကြက်ခြေနီစေတနာလုပ်အားရှင်(၁၄၂)ဦး တက်ရောက်ကြမည်ဖြစ်ပြီး သင်တန်းကို မတ်လ(၁၈)ရက်နေ့မှစတင်ကာ (၆)ရက်ကြာပြုလုပ်သွားမည် ဖြစ်ပါသည်။