ဆယ်ဇင်းကျေးရွာမှ နေရပ်စွန့်ခွာမိသားစုများအား ကြက်ခြေနီက ကူညီ

  22/ Aug/ 2022

ဖားကန့်၊ ဩဂုတ်လ(၂၂)ရက်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာမှ နေရပ်စွန့်ခွာမိသားစုများအား ဩဂုတ်လ(၁၀)ရက်နေ့နှင့် ဩဂုတ်လ(၁၁)ရက်နေ့တို့တွင် ယာယီခိုလှုံရာစခန်းများသို့ ပို့ဆောင်နေရာချပေးခဲ့ပြီး ဩဂုတ်လ(၁၂)ရက်နေ့တွင် စာရင်းကောက်ယူခြင်း၊ ရှေးဦးပြုစုပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာအားပေးခြင်း တို့ကို ကူညီဆောင်ရွက်ခဲ့ကြပါသည်။ ထို့နောက် အရေးပေါ် အသုံးအဆောင်နှင့် အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများအား ထောက်ပံ့ပေးအပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြပါသည်။