ဆေးကုသမှုခံယူမည့်သူများအား ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် ကူညီပို့ဆောင်ပေး

  21/ Sep/ 2022

မွန်၊ စက်တင်ဘာလ (၂၁) ရက်။
မွန်ပြည်နယ်၊ မြို့နယ်အသီးသီးမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် အရေးပေါ်ဆေးကုသမှုခံယူမည့်သူများအား ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် ဆေးရုံဆေးခန်းများသို့ ပို့ဆောင်ပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ကူညီပေးလျှက်ရှိပါသည်။
မွန်ပြည်နယ်၊ ရေးမြို့နယ်မှ အရေးပေါ်ဆေးကုသမှုခံယူမည့် အမျိုးသားတစ်ဦးအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့လည်းကောင်း၊ မော်လမြိုင်ဆေးရုံတွင် ဆေးကုသမှုခံယူပြီးသော လူနာတစ်ဦးအား ရေးမြို့နယ်၊ လမိုင်းမြို့မှ နေအိမ်သို့လည်းကောင်း၊ မော်လမြိုင်မြို့နယ် ပြည်တော်သာရပ်ကွက်မှ အရေးပေါ်ဆေးကုသမှုခံယူမည့် အမျိုးသားတစ်ဦးအား မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့လည်းကောင်း၊ ကျိုက္ခမီမြို့မှ အရေးပေါ်ဆေးကုသမှုခံယူမည့် အမျိုသားတစ်ဦးအား မော်လမြိုင်ဆေးရုံကြီးသို့လည်းကောင်း ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် အသီးသီး ကူညီပို့ဆောင်ပေးခဲ့ကြသည်။