ဆေးကုသမှုခံယူမည့် လူနာကို ဆေးရုံသို့ ကြက်ခြေနီက ပို့ဆောင်ကူညီ

  08/ Jun/ 2022

စမ်းချောင်း၊ ဇွန်လ(၈)ရက်။
၂၀၂၂ခုနှစ်၊ ဇွန်လ (၇)ရက်နေ့ ညပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်မှ ဆီးချို လူနာ(၁)ဦးကို စမ်းချောင်းမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင် (၄)ဦးတို့က မြို့နယ်ကြက်ခြေနီအသင်းခွဲမှ လူနာတင်ယာဉ်ဖြင့် ရန်ကုန်အနောက်ပိုင်းဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ပါသည်။