ဆေးကုသမှုခံယူမည့် လူနာများ ဆေးရုံ၊ ဆေးခန်းသို့ အချိန်မီသွားရောက်နိုင်ရန် ကြက်ခြေနီက ကူညီ

  04/ Jun/ 2022

ရန်ကုန်၊ ၂၀၂၂ခုနှစ်၊ ဇွန်လ(၄)ရက်။
ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် မြို့နယ်အတွင်းမှ ဆေးကုသမှုခံယူရန်လိုအပ်သည့်လူနာများ ဆေးရုံ၊ ဆေးခန်းသို့ အချိန်မီသွားရောက်နိုင်ရန် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် ကူညီပို့ဆောင်ပေးလျက်ရှိပါသည်။
ထို့အပြင် မြို့နယ်အတွင်းမှ ကလေးငယ်များအားကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင်လည်း ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိပါသည်။