တနင်္သာရီတိုင်းတွင် ၂၄နာရီလူနာတင်ယာဉ်ဝန်ဆောင်မှုများအား ကြက်ခြေနီက ဆက်လက်ဆောင်ရွက်ပေးလျက်ရှိ

  09/ Jun/ 2022

တနင်္သာရီ၊ ဇွန်လ(၉)ရက်။
၂၄နာရီလူနာတင်ယာဉ်ဝန်ဆောင်မှုများကို ကြက်ခြေနီစေတနာလုပ်အားရှင်များက နိုင်ငံတဝန်းတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲများအလိုက် ဆောင်ရွက်ပေးလျက်ရှိနေကြပါသည်။ ထိုသို့ဆောင်ရွက်ပေးကြရာတွင် လူနာတင်ယာဉ်တစ်စီးတွင် ပါဝင်ရမည့် ပစ္စည်းကိရိယာအစုံအလင်ဖြင့် ကူညီပေးနေကြခြင်းဖြစ်ပြီး လိုအပ်ပါက ရှေးဦးပြုစုပေးနိုင်စေရန်အတွက် ရှေးဦးပြုစုခြင်းကျွမ်းကျင်သူများဖြင့် လှုပ်ရှားနေကြပါသည်။
ဇွန်လ(၃)ရက်နေ့က ထားဝယ်မြို့၊ ဥဿာရံရပ်ကွက်မှ ဆေးရုံဆင်းလူနာတစ်ဦးအား မယ်ဒီလန်းဆေးရုံမှတစ်ဆင့် နေအိမ်သို့လည်းကောင်း၊ ဇွန်လ(၄)ရက်နေ့ မွန်းလွဲ ၂နာရီခွဲခန့်က သရက်ချောင်းမြို့နယ်၊ ပဲကျေးရွာတွင် နေထိုင်သည့် လူနာတစ်ဦးအား ထားဝယ်ဆေးရုံကြီးမှ နေအိမ်သို့လည်းကောင်း၊ ညနေ ၄နာရီခွဲခန့်က လောင်းလုံးမြို့နယ်၊ ပန်းတင်အင်းကျေးရွာမှ CT Screen ရိုက်မည့်လူနာတစ်ဦးအား မြင့်မိုရ်ဦးဆေးရုံ မှ ထားဝယ်ဆေးရုံကြီး သို့ လည်းကောင်း၊ ည(၇)နာရီခန့်က ထားဝယ်မြို့၊ ဥသာရံရပ်ကွက်မှ အမောဖောက်လူနာတစ်ဦးအား နေအိမ်မှ ထားဝယ်ဆေးရုံကြီးသို့ လည်းကောင်း၊ ည(၈)နာရီခန့်က ထားဝယ်မြို့၊ ကရပ်ပြင်မြောက်ရပ်ကွက်မှ ဘယ်ဘက်ဒူးခေါင်းထိခိုက်ဒဏ်ရာရရှိသော လူနာတစ်ဦးအား ထားဝယ်ဆေးရုံကြီး OPD မှ ဖျားနာဆောင်သို့ လည်းကောင်း၊ ထို့နောက် ထားဝယ်မြို့၊ ညောင်ရမ်းတောင်ရပ်ကွက်မှ ဘယ်ဘက်နဖူးထိခိုက်ဒဏ်ရာရရှိသူ လူနာတစ်ဦးအား ထားဝယ်ဆေးရုံကြီး OPD မှ ဖျားနာဆောင် သို့ လည်းကောင်း၊ ည (8:10)နာရီအချိန်ခန့်တွင် ထားဝယ်မြို့ ညောင်ရမ်းတောင်ရပ် က ဘယ်နဖူးဒဏ်ရာရရှိသော သူ အား ထားဝယ်ဆေးရုံကြီး OPD မှ ဖျားနာဆောင် သို့ လည်းကောင်း၊ ဇွန်လ(၅)ရက်နေ့ နေ့လည် (၁၂)နာရီခွဲခန့်က ထားဝယ်မြို့၊ ကရင်ပြင်မြောက်ရပ်ကွက်မှ ဆေးရုံဆင်းလူနာတစ်ဦးအား ထားဝယ်ဆေးရုံကြီး မှ နေအိမ် သို့ လည်းကောင်း၊ မွန်းလွဲ (၁)နာရီခွဲခန့်က ရေဖြူမြို့နယ် (ဂ)ရပ်ကွက်မှ CT Screen ရိုက်မည့်လူနာတစ်ဦးအား ထားဝယ်ဆေးရုံကြီးမှ မယ်ဒီလန်းဆေးရုံသို့ လည်းကောင်း၊ ညနေ (၆)နာရီခွဲခန့်က လောင်းလုံးမြို့နယ်၊ မဲမော်ကျေးရွာမှ လေဖြတ်လူနာစ်ဦးအား နေအိမ်မှ မယ်ဒီလန်းဆေးရုံသို့ လည်းကောင်း၊ ည(၈)နာရီခန့်က ရေဖြူမြို့နယ်၊ ပိန်းရှောင်ကျေးရွာမှ ဗိုက်အောင့်လူနာတစ်ဦးအား ထားဝယ်ဆေးရုံကြီး OPD မှ ဖျားနာဆောင် သို့ လည်းကောင်း အသီးသီးပို့ဆောင်ကူညီပေးခဲ့ကြပါသည်။
အဆိုပါ ၂၄နာရီလူနာတင်ယာဉ်ဝန်ဆောင်မှုများကို “၂၄နာရီ’’ ဆိုသည့်အတိုင်း နံနက်၊ နေ့၊ ည အချိန်မရွေး၊ နေရာမရွေး ရပ်ရွာလူထု အကူအညီလိုအပ်တဲ့အခါတိုင်း အချိန်နဲ့တပြေးညီ ဆောင်ရွက်ပေးနိုင်ဖို့ ကျွန်ုပ်တို့ရဲ့ကြက်ခြေနီစေတနာလုပ်အားရှင်များက ဆက်လက် ကြိုးပမ်းအားထုတ်နေကြပါသည်။