တနင်္သာရီတွင် ထိခိုက်ဒဏ်ရာရှေးဦးပြုစုခြင်း(ဆင့်ပွား) သင်တန်းများ ဖွင့်လှစ်

  07/ Jun/ 2022

တနင်္သာရီ၊ ဇွန်လ (၇)ရက်။
၂၀၂၂ခုနှစ်၊ ဇွန်လ(၄)ရက်နေ့က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ထိခိုက်ဒဏ်ရာရှေးဦးပြုစုခြင်း (ဆင့်ပွား)သင်တန်းကို ထားဝယ်မြို့ကြက်ခြေနီအသင်းခွဲ ရုံး၌ ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါသင်တန်းအား ဇွန်လ(၄)ရက်နှင့်(၅)ရက်နေ့များတွင် သင်ကြားပေးခဲ့ပြီး သင်တန်းသား စုစုပေါင်း (၃၇)ဦးတက်ရောက်ခဲ့ကြပါသည်။
မြိတ်မြို့နယ်တွင်လည်း ထိခိုက်ဒဏ်ရာရှေးဦးပြုစုခြင်း (ဆင့်ပွား) သင်တန်းကို ဇွန်လ(၄)ရက်နေ့က မြိတ်မြို့နယ်ကြက်ခြေနီအသင်းခွဲ ရုံး၌ ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါသင်တန်းအား ဇွန်လ(၄)ရက်နှင့် (၅)ရက်များတွင် (၂)ရက်တာသင်ကြားခဲ့ကြပြီး သင်တန်းသား စုစုပေါင်း (၂၅)ဦး တက်ရောက်ခဲ့ကြပါသည်။