တိမ်ညိုနေရပ်စွန့်ခွါစခန်းမီးဘေးသင့် အိမ်ထောင်စုများကို ကြက်ခြေနီက ကူညီထောက်ပံ့

  17/ Mar/ 2021

မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် ၂၀၂၁ ခုနှစ်၊ မတ်လ (၁၇) ရက်နေ့ ည ၈း၂၀ ခန့် က ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ တိမ်ညိုကျေးရွာ၊ တိမ်ညိုနေရပ်စွန့်ခွါစခန်းတွင် မီးလောင်မှုဖြစ်ပွါးခဲ့သောကြောင့် ထိခိုက် ခံစားရသည့် အိမ်ထောင်စု (၆၆၃) စု အား လိုအပ်သည့် ထောက်ပံ့ပစ္စည်းများကို မတ်လ (၂၀) ရက်နေ့က သွားရောက် ပေးအပ်ခဲ့ပါသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ရခိုင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဦးထွန်းရွှေ၊ ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမြင့်ထွေးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များ၊ ရခိုင်ပြည်နယ်စီမံချက်များစီမံခန့်ခွဲမှုယူနစ် မန်နေဂျာ ဦးစည်သူတိုးညွန့်နှင့် စီမံချက်ဝန်ထမ်းများ၊ ကျောက်တော်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဘိုအောင်သိန်းနှင့် ကြက်ခြေနီ စေတနာလုပ်အားရှင်များ၊ မြောက်ဦးမြို့နယ် ကြက်ခြေနီအသင်းခွဲ ဥက္ကဌ ဦးရွှေသန်း၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမြင့်အေးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ပစ္စည်းအမျိုးအစား (၁၄) မျိုးပါဝင်သော မိသားစုအသုံးအဆောင်ပစ္စည်း (၆၆၃) ပုံး၊ အမျိုးအစား (၁၁) မျိုးပါဝင်သော အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံး ပစ္စည်း (၆၆၃) အိတ်၊ ဆေးစိမ်ခြင်ထောင် (၆၆၃) လုံး၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၆၆၃) ပုံး၊ စုစုပေါင်း ကာလတန်ဖိုး (၇၇,၈၇၄,၀၀၀) ကျပ်ခန့်ကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။