တိုင်းဒေသကြီး/ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီများသို့ မော်တော်ယာဉ်နှင့် သင်ထောက်ကူ ပစ္စည်းများ လွှဲပြောင်းပေးအပ်

  30/ Jan/ 2019

= = =
နေပြည်တော်၊ ဇန်နဝါရီ ၃၀

တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ဆောင်ရွက်လျက်ရှိသော ကြက်ခြေနီလူမှုကရုဏာလုပ်ငန်းများကို ပိုမို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ တိုင်းဒေသကြီး/ ပြည်နယ် ကြက်ခြေနီကော်မတီများသို့ မော်တော်ယာဉ်နှင့် သင်ထောက်ကူပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်းကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် နေပြည်တော်ရှိ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဌာနချုပ်ရှိ စုဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

(၈၁) ကြိမ်မြောက် ကြက်ခြေနီဗဟိုကောင်စီအစည်းအဝေး အခမ်းအနားတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခဒေါက်တာဒေါ်မြသူက ကြက်ခြေနီလူမှုကရုဏာလုပ်ငန်းများတွင် အသုံးပြုရန်အတွက် မော်တော်ယာဉ်နှင့် မော်တော်ယာဉ်စာရွက်စာတမ်းများ လွှဲပြောင်းပေးအပ်ခဲ့ရာ ကချင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဦးဂဲနက်စ်၊ ကယားပြည်နယ်ကြက်ခြေနီကြီးကြပ်မှု ကော်မတီဥက္ကဌ ဦးကြည်လေး၊ ကရင်ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဌ ဒေါက်တာဌေးနောင်၊ ပဲခူးတိုင်းဒေသကြီးတပ်ဖွဲ့မှူးဒေါက်တာနေမျိုး၊ မွန်ပြည်နယ်တပ်ဖွဲ့မှူး ဦးကျော်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဒေါက်တာဒေါ်လှကြင်၊ ရှမ်းပြည်နယ် (တောင်ပိုင်း) ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဌ ဒေါက်တာလှအေး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဒုတိယဥက္ကဌ ဦးစိုင်းဆိုင်ပူးနှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကြက်ခြေနီကြီးကြပ်မှုကော်မတီဒုတိယဥက္ကဌ ဦးစိုင်းဆမ်တစ်တို့က လက်ခံခဲ့ကြပါသည်။

ဆက်လက်ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌပါမောက္ခဒေါက်တာဒေါ်မြသူက ရှေးဦးပြုစုခြင်း အခြေခံအသက်ကယ်အထောက်အကူပြု ပစ္စည်းများကို ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ကို ပေးအပ်ခဲ့ရာ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များမှ ကိုယ်စားလှယ်များက လက်ခံရယူခဲ့ကြပါသည်။

Credit:>>>ဒေါ်ဆွေဆွေစိုးနိုင်
Photo Credit:>>>ဦးအောင်မြင့်စိုး