တောင်ကြီးတွင် ကမ္ဘာ့ကြက်ခြေနီနေ့ကို ကြိုဆိုဂုဏ်ပြုပြီး သစ်ပင်စိုက်ပျိုး

  08/ May/ 2022

၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ကြက်ခြေနီနေ့ကို ကြိုဆိုဂုဏ်ပြုပြီး သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရန် ရည်ရွယ်ကာ ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ကြက်ခြေနီများက သစ်ပင်များကို စိုက်ပျိုးခဲ့ကြပါသည်။
ထိုသို့စိုက်ပျိုးရာတွင် ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဦးညီညီ နှင့် ကြက်ခြေနီစေတနာလုပ်အားရှင်(၁၀)ဦးတို့သည် တောင်ကြီးမြို့အရှေ့ဘက်တောင်ပေါ်ရှိ နဂါးကန်ဘုန်းကြီးကျောင်းဝန်းတွင် စိန်ပန်းပြာပင်(၂၀)ပင်ကို မေလ(၈)ရက်နေ့ နံနက်ပိုင်းက စုပေါင်းစိုက်ပျိုးခဲ့ကြခြင်း ဖြစ်ပါသည်။