ထားဝယ်တွင် ဆေးကုသရန်လိုသည့်လူနာများကြက်ခြေနီလူနာတင်ယာဉ်ဖြင့် ဆေးရုံသို့သွားရန် ကူညီ

  09/ May/ 2021

၂၀၂၁ခုနှစ်၊ မေလ(၉)ရက်နေ့ ညပိုင်းကတနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ထားဝယ်မြို့ဆန်းချီရပ်မှ ဆေးကုသရန်လိုအပ်သော လူနာတစ်ဦးနှင့်ဘုမ္မော်ရပ်မှ သွေးတိုးလူနာတစ်ဦးတို့ကိုကြက်ခြေနီလူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ထို့အတူ မေလ(၁၀)ရက်နေ့ နံနက်အစောပိုင်းကလည်း မြောင်းပုလဲရပ်မှ ဖျားနာကလေးတစ်ဦးကို ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပါတယ်။