ထားဝယ်တွင် လူနာများကို ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် ဆေးရုံပို့ပေး

  23/ Apr/ 2021

၂၀၂၁ခုနှစ်၊ ဧပြီလ(၂၃)ရက်နေ့ ညနေပိုင်းတွင်တနင်္သာရီတိုင်း‌ေဒသကြီး ထားဝယ်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ထားဝယ်မြို့ တလိုင်းမရပ်မှ သတိလစ်လူနာတစ်ဦးကိုလည်း‌ေကာင်း၊ ညပိုင်းတွင် ပိန္နဲတောရပ်မှ အစာအိမ်လူနာတစ်ဦးကိုလည်းကောင်း အသင်းခွဲလူနာတင်ယာဉ်ဖြင့် နေအိမ်မှဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။
ထို့အတူ ဧပြီလ(၂၄)ရက်နေ့ နံနက်ပိုင်းကလည်း ဆေးရုံဆင်း လူနာတစ်ဦးကို သရက်ချောင်းမြို့နယ် ကနက်သီရိကျေးရွာနေအိမ်သို့ ကူညီပြီးပို့ဆောင်ခဲ့ကြတယ်။