ထားဝယ်မြို့တွင် ရှေးဦးပြုစုခြင်း (နည်းပြ) သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်

  27/ Jan/ 2022

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ တနင်္သာရီတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီက ကြီးမှူးကျင်းပသော ရှေးဦးပြုစုခြင်း (နည်းပြ) သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၂၇) ရက်နေ့က ထားဝယ်မြို့ကွန်ပျူတာတက္ကသိုလ်တွင် ပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဒေါ်မမလေးက အဖွင့်အမှာစကားပြောကြားကာ အသင်းမှ ဒုတိယအထွေထွေအတွင်းရေးမှူး ဒေါက်တာတင်ထွန်းအောင်က ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ သင်တန်းတွင် ဆုရရှိခဲ့သူများကို ဆုချီးမြင့်ပေးကာ အခမ်းအနားကို အောင်မြင်စွာဆောင်ရွက်ခဲ့ပါသည်။
ရှေးဦးပြုစုခြင်း (နည်းပြ) သင်တန်းကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၂၀) ရက်နေ့မှ (၂၇) ရက်နေ့အထိ ဖွင့်လှစ်ပို့ချပေးခဲ့ပြီး မြို့နယ် (၁ဝ) မြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင် (၃၀) ဦး တက်ရောက်ခဲ့ပါသည်။