ဒဂုံ(မြို့သစ်)ဆိပ်ကမ်း၊စက်မှုဇုန်မီးလောင်မှုတွင် ကြက်ခြေနီစေတနာလုပ်အားရှင်များသွားရောက်ကူညီ

  24/ Feb/ 2022

၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ (၂၂)ရက်နေ့၊ ည(၁၁း၄၀)အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံ(မြို့သစ်)ဆိပ်ကမ်းမြို့နယ်၊ စက်မှုဇုန်(၂)၊ အမှတ်(၂) မက္ခရာမင်းသားကြီးလမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ပါသည်။

ထိုမီးလောင်မှုဖြစ်ပွားရာနေရာသို့ ဒဂုံ(မြို့သစ်)ဆိပ်ကမ်းမြို့နယ် ကြက်ခြေနီစေတနာလုပ်အားရှင်များနှင့် နီးစပ်ရာမြို့နယ်များမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် အချိန်မီသွားရောက်ကာ မီးငြိမ်းသတ်ရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးခြင်း၊ ထိခိုက်ဒဏ်ရာရရှိသူများအား ရှေးဦးပြုစုပေးခြင်းနှင့် စိတ်ပိုင်းဆိုင်ရာအားပေးကူညီပေးခြင်းတို့ကို ကူညီဆောင်ရွက်ပေးခဲ့ပါသည်။ ဖေဖော်ဝါရီလ (၂၃)ရက်နေ့တွင်လည်အခြားသောလိုအပ်သည်များကို ဆက်လက်ကူညီဆောင်ရွက်ပေးခဲ့ပါသည်။