နိုင်ငံဝန်ထမ်း(ငြိမ်း)သက်ရွယ်ကြီးသူများနဲ့ ပြည်သူများကို ကြက်ခြေနီက လူမှုကရုဏာအကူအညီပေး

  23/ Apr/ 2021

ကြက်ခြေနီစေတနာလုပ်အားရှင်များသည် လစဉ်ပင်စင်လစာပေးသောရက်များတွင် ပင်စင်လစာ လာထုတ်သောနိုင်ငံဝန်ထမ်း(ငြိမ်း)သက်ရွယ်ကြီးသူများနဲ့ ပြည်သူများကို လူမှုကရုဏာအကူအညီများ ပေးနေကြပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ တာမွေမြို့နယ်များမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် လမ်းလျောက်ရာတွင် ဖေးမကူညီ‌ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု‌ပေးခြင်း၊ နှာခေါင်းစည်းများပေးဝေခြင်း၊ သောက်ရေသန့်နှင့် မုန့်များပေးဝေခြင်း တို့ကိုဧပြီလ(၂၃)ရက်နေ့က ပြုလုပ်ပေးခဲ့ကြပါတယ်။