နေပြည်တော်တွင် ကြက်ခြေနီက လူမှုကရုဏာလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

  21/ Mar/ 2022

နေပြည်တော်၊ မတ်လ (၂၁) ရက်။
မတ်လ(၁၉)ရက်နေ့က ပြည်ထောင်စုနယ်မြေ၊နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် မိုးဆွေအုပ်စု ပန်းတင်ကျေးရွာတွင် လမ်းဖြတ်ကူးသူအမျိုးသမီးတစ်ဦး ယာဉ်တိုက်မှုဖြစ်ပွားခဲ့သဖြင့် ဥတ္တရသီရိမြို့န်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသွားရောက်၍ အရေးပေါ်ရှေးဦးပြုစုပေးခဲ့ကြပြီး မြတ်စေတနာပရဟိတအသင်းလူနာတင်ယာဉ်ဖြင့် နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ကုတင် ၁၀၀၀)သို့ ပို့ဆောင်ကူညီပေးခဲ့ပါသည်။
မတ်လ (၂၀)ရက်နေ့က ဇေယျာသီရိမြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ဥတ္တရသီရိအထူးကုဆေးရုံမှ ဆေးရုံဆင်းလူနာအမျိုးသမီးတစ်ဦးအား ပြည်စံအောင်ရပ်ကွက်ရှိ နေအိမ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီး Oxygen Concentrator တစ်လုံးကို ငှားရမ်းကူညီပေးခဲ့ပါသည်။