နေပြည်တော်တွင် ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံး လုပ်နည်းများသင်တန်းဖွင့်ပွဲ ပြုလုပ်

  17/ May/ 2022

နေပြည်တော်၊ ၂၀၂ဝခုနှစ်၊ မေလ(၁၆)ရက်။
မြန်မာနိုင်ငံကြက်ခြေနီအသင်း ဘဏ္ဍာရေးဌာနမှဖွင့်လှစ်သော ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများသင်တန်းဖွင့်ပွဲကို မေလ(၁၆)ရက်နေ့နေ့လည်ပိုင်းက နေပြည်တော်
ရှိ အသင်းဌာနချုပ် အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ပါသည်။
သင်တန်းဖွင့်ပွဲတွင် အသင်း ဒုတိယအထွေထွေအတွင်းရေးမှူး ဒေါက်တာတင်ထွန်းအောင်က အမှာစကားပြောကြားခဲ့ပြီး ဘဏ္ဍာရေးဌာန ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းအောင်က သင်တန်းဖွင့်လှစ်ရခြင်းကို ရှင်းလင်းပြောကြားခဲ့ပါသည်။
မေလ(၁၆)ရက်မှ မေလ(၁၈)ရက်နေ့အထိ (၃)ရက်ကြာပြုလုပ်မည့် အဆိုပါသင်တန်းသို့ အသင်းဌာနချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ ဝန်ထမ်း(၄၄)ဦး တက်ရောက်ကြမည်ဖြစ်ပါသည်။
သင်တန်းတွင် ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများအပြင် ဝယ်ယူရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့် လူသားအရင်းအမြစ်ဆိုင်ရာလုပ်ထုံးလုပ်နည်းများကိုလည်း သက်ဆိုင်ရာဌာနများမှ ရှင်းလင်းဆွေးနွေးသွားမည်ဖြစ်ပါသည်။