နှလုံးအမော​ဖောက်လူနာအား ကြက်ခြေနီကဆေးရုံသို့ ကူညီပို့ဆောင်

  10/ May/ 2021

၂၀၂၁ခုနှစ်၊ မေလ(၁၀)ရက်နေ့ နေ့လည်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်မှ နှလုံးအမော​ဖောက်လူနာတစ်ဦးအား ဆေးရုံသို့ပို့ဆောင်ရန် အကူအညီတောင်းလာသဖြင့် ဒဂုံမြို့သစ်(မြောက်ပိုင်း​)မြို့နယ်ကြက်ခြေနီအသင်းခွဲမှ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးသန်းအောင်မိုးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်(၄)ဦးတို့ သွားရောက်ခဲ့ပြီး ကြက်ခြေနီလူနာတင်ယာဥ်ဖြင့် ဆေးရုံသို့ကူညီပို့ဆောင်ပေးခဲ့ပါတယ်။