ပင်စင် လာထုတ်သော နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား) အဘိုး အဖွားများကို ကြက်ခြေနီက ကျန်းမာရေးစောင့်ရှောက်မှုပေး

  21/ Apr/ 2021

၂၀၂၁ခုနှစ်၊ ဧပြီလ(၂၁)ရက်နေ့ တွင် တာ​​မွေမြို့နယ်ကြက်​ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်(၁၀)ဦးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်ဆရာဝန်(၁)ဦးတို့သည် တာမွေမြို့နယ်မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် ပင်စင်လစာ လာရောက်ထုတ်ယူကြ​သော နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား) အဘိုး အဖွားများနှင့် ပြည်သူများကို ကျန်းမာရေးစောင့်​ရှောက်မှု​ပေးခြင်း၊ နှာ‌ေခါင်းစည်းများပေး​ဝေခြင်း၊ မူး​မော်​ခေါင်းကိုက်သူများနှင့် ​သွေးတိုးရှိသူများအား ​ဆေးအကူအညီ​ပေးခြင်း တို့ကို ဆောင်ရွက်‌ပေးခဲ့ကြသည်။