ပေါင်ရိုးကျိုးသည့် အဖွားအိုအား ဆေးရုံသို့ကြက်ခြေနီလူနာတင်ယာဉ်နဲ့ ကူညီပို့ပေး

  04/ May/ 2021

၂၀၂၁ခုနှစ်၊ မေလ(၄)ရက်နေ့ နေ့လည်ပိုင်းတွင်အင်းစိန်မြို့နယ် ဖော့ကန်ရပ်ကွက်မှ ပေါင်ရိုးကျိုး အဖွားအိုတစ်ဦးနှင့် အောင်ဆန်းရပ်ကွက်မှ ဆေးရုံရက်ချိန်းပြမည့် လေဖြန်း အမျိုးသားလူနာတစ်ဦးတို့အား အင်းစိန်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ကြက်ခြေနီလူနာတင်ယာဥ်ဖြင့် ဆေးရုံသို့ ကူညီပို့‌ဆောင်ပေးခဲ့ကြပါတယ်။