ဘားအံမြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက အရေးပေါ်လိုအပ်နေသော သွေးသန့်လှူဒါန်း

  12/ May/ 2021

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် လွန်ခဲ့တဲ့ မေလ(၁၂)ရက်နေ့က အရေးပေါ် သွေးလိုအပ်နေသူတစ်ဦးအတွက် ဘားအံမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ဒုတိယတပ်ခွဲမှူး ဦးမျိုးဇော်ဦးကအရေးပေါ်လိုအပ်နေတဲ့ A သွေး (၁) လုံးကို ဘားအံဆေးရုံတွင် သွားရောက်လှူဒါန်းပေးခဲ့ပါတယ်။
အလားတူ ဘားအံမြို့ တော်ဝင်သုခဆေးရုံက (O) သွေး အရေးပေါ်လိုအပ်နေတဲ့ အမျိုးသမီးလူနာတစ်ဦးအတွက်ကိုလည်း ဘားအံကြက်ခြေနီအသင်းခွဲမှ ဒုတိယမြို့နယ်တပ်ဖွဲ့မှူး ဦးစောကျော်အဲခလိန်းက လှူဒါန်းပေးခဲ့ပါတယ်။
ယခုလို အရေးပေါ်သွေးလိုအပ်နေသူများကို ကူညီပေးနိုင်ခဲ့ကြသလို ရှေ့ဆက်ပြီးလည်း ကြက်ခြေနီက ကူညီပေးရန် အသင့်ရှိနေပါတယ်။