မင်းပြားတွင် ကြက်ခြေနီက သောက်သုံးရေကန်သန့်ရှင်းရေး ကူညီဆောင်ရွက်ပေး

  05/ Aug/ 2022

မင်းပြား၊ ဩဂုတ်လ (၄)ရက် ။

သန့်ရှင်းသော သောက်ရေသုံးရေ ရရှိမှုက ရပ်ရွာလူထုကျန်းမာရေးမြှင့်တင်မှုတွင် တစ်ဖက်တစ်လမ်းကအထောက်အကူပြုပါတယ်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းက ရပ်ရွာလူထုအတွက် ရေ၊ ပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေး အလေ့အကျင့်ကောင်းများ ရရှိလာအောင် ဆောင်ရွက်လျှက် ရှိပါတယ်။

ယခုနှစ် ဩဂုတ်လ (၄) ရက်နေ့က ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှ ရပ်ရွာလူထု အသုံးပြု လျှက်ရှိသော မင်းကန်သောက်သုံးရေကန်အား ရေကောင်းရေသန့်ရရှိရေးအတွက် မြို့နယ်ကြက်ခြေနီ အသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြပါတယ်။