မန္တလေးတိုင်းဒေသကြီးမှ ကြက်ခြေနီများ နေရပ်စွန့်ခွါ ပြည်သူများအားကူညီ

  15/ Jan/ 2022

၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ (၁၅)ရက်နေ့တွင်မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့သို့ရောက်ရှိလာကြသည့် နေရပ်စွန့်ခွါပြည်သူများအား တိုင်ဒေသကြီးအတွင်းရှိ ကြက်ခြေနီစေတနာလုပ်အားရှင်များက တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများ၊ အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများ၊ စောင်များ၊ ခြင်ထောင်များ၊ နှာခေါင်းစည်းများ၊ လက်သန့်ဆေးရည်များစသည့် လူမှုကရုဏာ အကူအညီများ ပေးအပ်ခဲ့ပါသည်။