မန္တလေးတွင် ရှေးဦးပြုစုခြင်းနည်းပြသင်တန်းဖွင့်ပွဲပြုလုပ်

  19/ Mar/ 2022

မန္တလေး၊ ၂၀၂၂ခုနှစ်၊ မတ်လ(၁၉)ရက်။
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်‌ဒရေးရှင်းနှင့် မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်းနည်းပြသင်
တန်းဖွင့်ပွဲကို မန္တလေးမြို့ရှိ ရတနာသိင်္ဂီဟိုတယ်တွင် မတ်လ(၁၆)ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ပါသည်။
သင်တန်းဖွင့်ပွဲတွင် တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဒေါက်တာသိန်းထွန်းဆောင်က အမှာစကားပြောကြားခဲ့ပြီး အသင်းဌာနချုပ် ရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးဌာန အကြီးတန်းအရာရှိ ဒေါ်မြင့်မြင့်ကြူ က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။
သင်တန်းသို့ မန္တလေးခရိုင်မှ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးများနှင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ကြက်
ခြေနီစေတနာလုပ်အားရှင်(၃၀)ဦးတို့ တက်ရောက်မည်ဖြစ်ပြီး သင်တန်းကို မတ်လ(၁၆)ရက်နေ့မှ မတ်လ
(၂၃)ရက်နေ့အထိ (၈)ရက်ကြာ ပြုလုပ်သွားမည်ဖြစ်ပါသည်။